ပညာ

on Saturday, May 26, 2012


ဒီနေ့တော့ဖြင့် သူငယ်ချင်းတို့ကို message လေးတွေပေးချင်တဲ့ စိတ်တွေတပွားပွားဖြစ်နေတာနဲ့ စဉ်းစားလိုက်တာ ဒိုင်းကနဲ့ဆို ပေါ်လာတယ် ဒါနဲ့ပဲ ၀ုန်းကနဲ့ ထထိုင်လိုက်ပြီး စာအုပ်နဲ့ ဘောပင်ကောက်ကိုင်လိုက်ပြီး ဦးနှေက်ထဲမှာ ရှိသမျှအကြံ အကုန်ထုတ်ရေးလိုက်တယ်ဗျာ...ကဲ ဖတ်ကြပေတော့။
ပြောမှာကတော့ တစ်ခြားတော့မဟုတ်ပါဘူး လူတိုင်းလူတိုင်း သိထားပြီးသား ရင်းနှီးထားပြီးသား"ပညာ"ဆိုတဲ့ စကားလုံးလေး ဖြစ်ပါတယ်။ ပညာဆိုတာ လူတိုင်းသိထားတယ် ဒါပေမဲ့လို့ သူရဲ့meaning ကိုတော့လူတိုင်းမသိကြဘူးဗျ။

ပညာကို ရှေးပညာရှင်တွေက ဒီလို့ထားဖွင့်ဆိုထားတယ် ပညာဆိုတာ တက္ကသိုလ်တွေ  ကျောင်းတွေကနေ ပေးလိုက်တဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကိုပြောတာ မဟုတ်ဘူး၊  ပြဿနာနဲ့ရင်ဆိုင် ကြုံတွေ့လာလျှင် အဲဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ စွမ်းရည်သတ္တိကို ပညာ" လို့ ရှေးလူကြီးတွေက ဆိုဆုံးမခဲ့တယ်လေ။

ဆရာကြီးနပိုလီယန်ကတော့ သူရဲ့ Think can and grow rich စာအုပ်ထဲမှာတော့ ဒီလို့ ဖွင့်ဆိုထားပြန်တယ်ဗျ..." educate," that word is derived from the Latin word " Educo," meaning to enduce, to draw out, to develop from within. တဲ့ဗျ။

ဒီနေရာကတော့ စာရေးသူ အမြင်လေး နည်းနည်းပြောပြပါမယ်။ ပညာရေးကို အားမပေးသောသူ, ပညာရေးကို အားမသောမိသားစု, ရပ်ကွက်, ရပ်ရွာ, မြို့နယ်, နိုင်ငံတွေဟာ ဘယ်တော့မှ တိုးတက်ကြီးပွား အကျိုးမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပညာရေးကိုအားပေး၊ သူများကိုလည်း အားပေးထောက်ပံ ကူညီကြပါလို့ ပြောရင်းနဲ့ဘဲ နိဂုံးချုပ်လိုက်ပါတယ်။ အမှားပါရင်လည်း သည်းခံပြီးတော့သာ ဖတ်ပေးကြပါ.......အညာမြေမှ တမာ။

ရေးသားသူ။ အရှင်ကေလာသ( ဂုဏ၀တီကျောင်း၊ဘုရားကြီးတိုက်)

No comments:

Post a Comment