အရုပ်ဆိုးသော ဖြစ်ရပ်တစ်ခု

on Tuesday, May 8, 2012
ဘုရား သားတော် သုံးရာကျော်ကို မလျော် သတ်ဖြတ်
သက္ကရာဇ် ၉၀၁ လောက်က အ၀ဘုရင် သိုဟန်ဘွားသည် ရတနာ သုံးပါးကို မယုံကြည်၊ စေတီ ပုထိုး များကိုလည်း `မြန်မာတို့ ဥစ္စာ ရွှေ ငွေ ထားသော အဆောက်အဦး ဟုဆို၍ တူးဖြိုပြီးလျှင် ဌာပနာကို ယူလေ၏။ မယားမရှိ သားမရှိဘဲလျက် တပည့် တပန်း အခြွေအရံကို ဆည်းပူးကြသည်၊ ပုန်ကန်လိုက ပုန်ကန်နိုင်ရာသည်၊ ရဟန်းတို့ကို ဖမ်း၍ သတ်မှ သင့်မည်` ဟုကြံစည်ပြီးလျင်၊ တောင်ပလူ လယ်ပြင် အရပ်၌ မဏ္ဍပ် အဆောင် ဆောင် ဆောက်စေ၍၊ စစ်ကိုင်း ပင်းယ အင်းဝ ပတ်လည်တွင် ရှိသမျှ သံဃာာတို့ကို ပတည့်သံဃာ နှင့်တကွ ပင့်စေ၍၊ မဏ္ဍပ်အဆောင်ဆောင်တွင် နေစေပြီးလျှင်၊ စစ်မက်နှင့် ၀န်းရံ၍ သတ်လေ၏၊ တထောင့် သုံးရာကျော် ရဟန်းတော်များ အနက် အချို့သော ရဟန်းတို့ကို ရှမ်းတို့ သနားသဖြင့် လွှတ်ရာ သုံးရာ ခြောက်ဆယ်သေသော ဟူ၏၊ ထိုသေသော ရဟန်းများအနက် ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းဂန် ကျနသော မထေရ်ကြီးများ သုံးကျိပ်ကျော် ပါဝင်သည် ဟု ရာဇ၀င်များတွင် ရေးသားကြလေသည်။ ကျောင်းတိုက် များတွင် ရှိသော စာပေ တို့ကို ယူ၍လည်း မီးတိုက် ဖျက်ဆီးလေသည်။
(ပေါ်တူဂီသား ငဇင်ကာ သည်လည်း ဘုရား ကျောင်းကန် စေတီ ပုထိုး များကိုလည်း မီးတိုက် ဖျက်ဆီးခြင်း ကြေး ရွှေ ဆင်းတုများကို အရည်းကြိုပြီးလျင် အရောင်းအ၀ယ်ပြုလုပ်၍ ဌာပနာတို့ကို ယူလေသည်။ ရဟန်းတော်များကိုလည်း မထီလေးစား ရမ်းကား စော်ကားသဖြင့် ပေါ်ပေါ်ထင်ထင် မနေ၀ံကြကုန်၊ လူအပေါင်း တို့သည်လည်း အလှုအတန်း ထင်ပေါ်အောင် မပေး မလှုဝံကြကုန်။)

No comments:

Post a Comment