ပဌမ ဘုရားကြီးတိုက် ဆရာတော်

on Monday, May 21, 2012

ပဌမ ဘုရားကြီးတိုက် ဆရာတော် အတ္ထုပ္ပတ္တိ အကျဉ်း

ပဌမ ဘုရားကြီးတိုက် ဆရာတော် ဘဒ္ဒန္တ ဇာဂရာဘိဝံသ ( ပဉ္စမ သံဂါယနာ သံဃမဟာနာယက ဥက္ကဋ္ဌ၊ တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု) လောင်းလျာကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ကဖြူရွာနေ၊ အဘ ဦးရွှေစ  အမိ ဒေါ်မင်းရင် တို့မှ သက္ကရာဇ် ၁၁၇၂ ခုနှစ်တွင် ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်ညိုဖြစ်ပြီး၊ ရှင်သာမဏေအမည်မှာ ရှင်ဇာဂရ ဖြစ်ပါသည်။ မိတ္ထီလာကနေ မန္တလေးမြို့ကိုတက်လျက် အသောကာရာမကျောင်းတိုက်တွင် ပညာသင်ကြားခဲ့ပါသည်။ အသောကာရာမတိုက် စာချဆရာတော်ဖြစ်လာပြီ။ မင်းကြီး ဦးပွား ဆောက်လုပ် လှုဒါန်းသော ဒက္ခိရာမ ဘုရားကြီးတိုက်ကို ပဓာနနာယက ဆရာတော်အဖြစ် တင်မြှောက်ခြင်းခံရပါသည်။ သက္ကရာဇ် ၁၂၃၆ ခုနှစ်တွင် ခေါင်းရိပ် ရေချိုးမှား အဖျားရောဂါဖြင့် သက်တော် ၆၄၊ ၀ါတော် ၄၄ မှာ ဘ၀နတ်ထံ ပျန်လွန်တော်မူပါသည်။ ဆရာတော် ဘုရားကြီး ရေးသားခဲ့သော ကျမ်းများပေါင်းကား
၁။ သံဝေဂ၀တ္ထု ဒီပနီကျမ်း
၂။ ဗြဟ္မ၀ိဟာရ ဒီပနီကျမ်း
၃။ ဥဘတော ၀ိဘင်းပါဠိတော် နိဿယသစ်
၎။ နေတ္တိပါဠိတော် နိဿယသစ်
၅။ သံပျင်ဋီကာ နိဿယ
၆။ ကာရိကာ နိဿယ
၇။ မောဂ္ဂလာန် နိဿယသစ်
၈။ မူလသိက္ခာ နိဿယသစ်
၉။ မင်္ဂလသုတ် နိဿယသစ်
၁၀။ သဂြိုဟ် ဂဏ္ဌိသစ်
၁၁။ နိယံသစ်ကျမ်း
၁၂။ ဆန်းပုံကျယ်
၁၃။ ပါစိတျာဒိ ယောဇနာ
၁၄။ ဒီပ၀င်ဋီကာ
၁၅။ ဂန္ထာဘရဏ ဋီကာသစ်
၁၆။ သဒ္ဓ ၀ုတ္တိ ဋီကာသစ်  အားဖြင့် ကျမ်းပေါင်း ၁၆ ကျမ်းရေးသားပြုစုတော်မူခဲ့ပါသည်။

No comments:

Post a Comment