ဒုတိယ ဘုရားကြီးတိုက်ဆရာတော်

on Tuesday, July 3, 2012

ဒုတိယ ဘုရားကြီးတိုက် ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ကဖြူရွာနေ၊ အဘ ဦးမြတ်ရွှန်း  အမိ ဒေါ်နှင်းထိုက် တို့မှ သက္ကရာဇ် ၁၁၈၈ ခုနှစ်တွင် ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။
 ငယ်နာမည် မောင်ပန်း ဖြစ်ပါသည်။ ဘုရားကြီးတိုက် အာရာမာဓိပတိ သံဃနာယက အဖြစ် ၁၀ နှစ်ကြာကြာ ပရိယတ်တရားတိုးပွားစေခဲ့ပါသည်။ သက္ကရာဇ် ၁၂၄၆ ခုနှစ်တွင် မအီမသာ နှလုံးရောဂါဖြင့် သက်တော် ၄၈၊ ၀ါတော် ၂၄ မှာ ဘ၀နတ်ထံပျန်လွန်တော်မူပါသည်။

တတိယ ဘုရားကြီးတိုက်ဆရာတော်

တတိယ ဘုရားကြီးတိုက် ဆရာတော် ဘဒ္ဒန္တ သုန္ဒရာဘိဝံသကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ကန်နီရွာနေ၊ အဘ ဦးရွှေဝိုင်း  အမိ ဒေါ်ဦး တို့မှ သက္ကရာဇ် ၁၁၉၇ ခုနှစ်တွင် ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။ 
ငယ်နာမည်မှာ မောင်ညွန့် ဖြစ်ပါသည်။ ဘုရားကြီးတိုက် အာရာမာဓိပတိ သံဃနာယက အဖြစ် ၄ နှစ်ကျော် တိုက်တာအကျိုး နှင့်ပရိယတ်အကျိုးတို့ကိုထန်းဆောင်ခဲ့ပါသည်။ သက္ကရာဇ် ၁၂၅၀ ပြည့်နှစ်တွင် အမာပေါက်သောရောဂါဖြင့် သက်တော် ၅၃၊ ၀ါတော် ၂၉ မှာမွေးရပ်မြေ ကန်နီရွာတွင် ဘ၀နတ်ထံ ပျန်လွန်တော်မူပါသည်။

ဦးရန်ကုန်ဆရာတော်

 ဆရာတော် ဘဒ္ဒန္တ သုဇာတာဘိဝံသကို ရန်ကုန်မြို့ တိုးကြောင်ကြီးရွာတွင်   သက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် ဖွားမြင်ပါသည်။ ငယ်နာမည်မှာ မောင်သာခို ဖြစ်ပါသည်။ ဘုရားကြီးတိုက်တွင် စာပေပို့ချစဉ် နာမဂ္ဂပဒမာလာကျမ်း၊ အာချာတ်နိယံကျမ်းများကို ရေးသားခဲ့ပါသည်။ ဦးရန်ကုန် ဆရာတော်ဟု နာမည်ကြီးပါသည်။
 သက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် ပလိပ်ကပ်  ရောဂါနှိပ်စက်သဖြင့် ဇာတိမြေသို့ အပြန် မီးရထားပေါ်တွင် သက်တော် ၅၉တွင် ဘ၀နတ်ထံ ပျန်လွန်တော်မူပါသည်။ အလောင်းတော်ကို ပြွန်တန်ဆာမြို့တွင် မီးသင်္ဂြိဟ်တော်မူခဲ့သည်။

ဆရာတော် ဦးအာစာရာဘိဝံသ

ဆရာတော် ဘဒ္ဒန္တ အာစာရာဘိဝံသကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ကဖြူရွာနေ၊ အဘ ဦးပို  အမိ ဒေါ်မင်းရန် တို့မှ သက္ကရာဇ် ၁၂၀၅ ခုနှစ်တွင် ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်အောင်မြတ် ဖြစ်ပါသည်။ ဘုရားကြီးတိုက် အာရာမာဓိပတိ သံဃနာယက အဖြစ် ၃၇ နှစ်ကြာကြာ ပရိယတ်၊ ပဋိပတ်တရားတိုးပွားစေခဲ့ပါသည်။ သက္ကရာဇ် ၁၂၈၇ ခုနှစ်တွင် လူအိုရောဂါဖြင့် သက်တော် ၈၂၊မှာ ဘုရာကြီးတိုက်တွင် သာမဏေအဖြစ်ဖြင့် ဘ၀နတ်ထံပျန်လွန်တော်မူပါသည်။ 

ဆရာတော် ဦးရန်ကုန် နှင့် ဆရာတော် ဦးအာစာရာဘိဝံသ တို့ထံ ပညာရင်နို့ သောက်စို့ရသော ကျေးဇူးကြောင့် သာသနာတွင် ထင်ရှားသော ဆရာတော်တို့မှာ အရှင်မဟာနန္ဒိယ၊ အရှင်အရိယာဝံသ (လယ်ပေါ်ဆရာတော်)၊ အရှင်ဝိစာရ၊ အရှင်မဟာနာရဒ၊ အရှင်မဟာတေဇ၀န္တ၊ အရှင်ပဏ္ဍိတ၊ အရှင်ဝိစာရ(ပုခန်း)ဆရာတော် အရှင်စူဠနန္ဒိယ (ကဗျာနန်)ဆရာတော်၊ အရှင်မဟာဇာဂရာဘိဝံသ၊ အရှင်က္ကုန္ဒာသဖ(ဟံသာဝတီ)ဆရာတော်၊ အရှင်ဥက္ကံသမာလာတို့ဖြစ်ပါသည်။

No comments:

Post a Comment