ဟံသာဝတ်ီဆရာတော်

on Sunday, July 15, 2012


ဆရာတော် ဦးရန်ကုန်၊ ဆရာတော် ဦးအာစာရာဘိဝံသ တို့၏ အဆက်အနွယ်ဖြစ်သော ဟံသာဝတီ ဆရာတော် ဘဒ္ဒန္တ ဣန္ဒာသဘကို ရန်ကုန်မြို့ ရွှေပေါက်ပင်ရွာတွင်  အဘ ဦးမြတ်သာ အမိ ဒေါ်ရွှေမှိန် တို့မှ သက္ကရာဇ် ၁၂၄၉ ခုနှစ်တွင် ဖွားမြင်ပါသည်။ ငယ်နာမည်မှာ မောင်အောင်ရ ဖြစ်ပါသည်။ မန္တလေးမြို့ ဘုရားကြီးတိုက်၊ ဟံသာဝတီကျောင်း၌ စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့ပါသည်။ ဟံသာဝတီဆရာတော်၏ အဆက်အနွယ် တပည့်တို့ကား===

(က) အရှင်တိလောက=== လက်ပန်းတန်းမြို့၊ ကွမ်းခြံရွာနေ အဘ  ဦးသူတော် အမိ ဒေါ်ငွေပေါ်တို့မှ သက္ကရာဇ်၁၂၆၇ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်ထွန်းအောင်ဖြစ်သည်။ လက်ပန်းတတန်းမြို့ ပါဠိသိပ္ပံကျောင်း၌ စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့သည်။ 

(ခ) အရှင်ဝါသ၀=== မလှိုင်မြို့၊ ချင်းယားရွာနေ အဘ  သူကြီး ဦးကောက်ရ အမိ ဒေါ်ပိုတို့မှ သက္ကရာဇ်၁၂၇၀ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်ဘိုးတုတ်ဖြစ်သည်။ မန္တလေးမြို့ ၀ိသုဒ္ဓါရုံတိုက်၌ စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့သည်။ 

(ဂ) အရှင်အဂ္ဂ၀ံသ=== ထားဝယ်မြို့၊ စစ်ပြဲညင်းမော်ရွာနေ အဘ  ဦးဘိုးရန် အမိ ဒေါ်ခြုံတို့မှ သက္ကရာဇ်၁၂၇၄ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်ဘခင်ဖြစ်သည်။ သထုံမြို့ လယ်ဝန်ကျောင်း၌ စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့သည်။ 

(ဃ) အရှင်ဇနိတ=== ညောင်တုန်းမြို့၊ စက်ကော့ရွာနေ အဘ  ဦးဘ အမိ ဒေါ်လှသွယ်တို့မှ သက္ကရာဇ်၁၂၇၃ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်သိုက်ထွန်းဖြစ်သည်။ မန္တလေးမြို့ ဘုရားကြီးတိုက်၊ စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့သည်။ 

(င) အရှင်ပညာဇောတ=== တောင်သာမြို့၊ မန်းကျည်ပင်တဲရွာနေ အဘ  ဦးသူတော် အမိ ဒေါ်ရွှေခဲတို့မှ သက္ကရာဇ်၁၂၇၀ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်ဘထွန်းဖြစ်သည်။ မန္တလေးမြို့ ဘုရားကြီးတိုက်၊ တာရာမင်းကျောင်း၌ စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့သည်။

No comments:

Post a Comment