ကဗျာနန်ဆရာတော်

on Sunday, July 8, 2012


ကဗျာန်ဆရာတော် ဘဒ္ဒန္တ စူဠနန္ဒိယကို ယင်းတော်မြို့နယ်၊ ဆားတောင်ရွာနေ အဘ ဦးကြယ်  အမိ ဒေါ်မင်းဖုံ တို့မှ သက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်နာမည်မှာ မောင်ဘိုးဆော် ဖြစ်ပါသည်။ သက္ကရာဇ် ၁၂၉၈ ခုနှစ်တွင် ဆီးရာဂါဖြင့် သက်တော် ၇၁၊မှာ ဘုရားကြီးတိုက်တွင်  ဘ၀နတ်ထံပျန်လွန်တော်မူပါသည်။ စာပေပို့ချစဉ် အကြားကြား၌ သဒ္ဒကာဝေယျ လင်္ကာကျမ်း၊ အာဒိကမ္မိက ဖြစ်သော နတ်လမ်းညွှန် တို့ကိုရေးသားတော်မူသည့်အပြင် အကြောင်းအတ္ထုပ္ပတ္တိ တခုခုပေါ်တိုင်း ကဗျာဗန္ဓ ဖွဲ့ဆိုလေ့ရှိတော်မူ၏။  ကဗျာနန်ဆရာတော်၏ အဆက်အနွယ်တပည့်တို့ကား==

(က) အရှင်သောမာဘိဓဇ=== စစ်ကိုင်းမြို့၊ ၀က်ချက်ရွာနေ အဘ  ဦးမိုး အမိ ဒေါ်သူ တို့မှ သက္ကရာဇ်၁၂၃၉ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်ကလေးဖြစ်သည်။ မန္တလေးမြို့ မစိုးရိမ်တိုက်၌ အာရာမာဓိပတိ သံဃနာယက အဖြစ်ဖြင့် စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့ပြီးပြီလျှင်၊ စစ်ကိုင်းတောင် သစ်ဝင်ချောင်၌ ပဋိပတ်ကို အားထုတ်စဉ် သက်တော် ၆၃၊ သက္ကရာဇ် ၁၃၀၂ ခုနှစ်တွင် ဘ၀နတ်ထံပျန်လွန်တော်မူသည်။

(ခ) အရှင်ဥက္ကံသ=== မိတ္ထီလာမြို့၊ ကွက်ငယ်ရွာနေ အဘ  ဦးဖုန်း အမိ ဒေါ်ပွါးတို့မှ သက္ကရာဇ်၁၂၅၁ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်ကြယ်ဖြစ်သည်။ မန္တလေးမြို့ ဘုရားကြီးတိုက်၊ ဒေါ်ထူးကျောင်း၌ (အခုဦးကြယ်ကျောင်း) စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့သည်။ (ဆရာတော်ကြယ် ဟု လူသိများပါသည်။)

(ဂ) အရှင်ခန္တီကလေး=== ပျော်ဘွယ်မြို့၊ ရှမ်းစုရွာနေ အဘ  ဦးရွှေပျား အမိ ဒေါ်ဖြူ တို့မှ သက္ကရာဇ်၁၂၅၉ ခုနှစ်တွင် မျက်နှာသန့်စင် ဖွားမြင်၍ ငယ်အမည် မောင်အောင်ထင်ဖြစ်သည်။ မန္တလေးမြို့ ဘုရားကြီးတိုက်၊ ဦးပုကျောင်း၌ စာပေပို့ချ၍ သာသနာတော်ကို ကြီးပွားစေခဲ့ပါသည်။

No comments:

Post a Comment