တစိမ့်စိမ့်တွေး ပြီး ရယ်ကြမယ်

on Saturday, April 20, 2013


 အောင်သူ။ ပိုပိုကြီး။ အောင်ဖြိုး ဆိုတဲ့ ငနဲသုံးယောက် စနေအားလက်ရက်  အရက်ဆိုင်ကို သွားကြတယ်။ အရက်ဆိုင်က ထွက်တော့ အတော်ကိုမူးနေပြီ။ တောင်မှန်း မြောက်မှန်းကို မသိတော့ဘူး။ အငှားကား လာတော့ တားလိုက်တယ်။ ကားသမားက ဒီငနဲ သုံးယောက် လူမှန်း သူမှန်းမသိလောက် အောင် မူးနေတယ်ဆိုတာ သိလိုက်တယ်။ ငနဲသား သုံးယောက် ကားပေါ်ရောက်တာနဲ့ ကားသမားက ကားကို ခပ်ပြင်းပြင်း နှိုးလိုက်တယ်။ ပြီးတော့ ရပ်လိုက်တယ်။ ခင်ဗျားတို့ သွားမဲ့နေရာ ရောက်ပါပြီ။

ပိုပိုကြီးက ကျသင့်ငွေကို ပေးလိုက်တယ်။ အောင်ဖြိုးက ကားသမား ကို ကျေးဇူးတင် ကြောင်း ပြော တယ်။ အောင်သူက ကားသမားနား သွားပြီး ကားသမားကို ပါးရိုက်လိုက်တယ်။ ကားသမားက အတော်လန့်သွားတယ်။ ငါ့ကား တလက်မ မရွေ့တာကို သိသွားတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် အားတင်းမေးအုန်းမှ ခင်ဗျား ကျူပ်ပါးကို ဘာလို့ ရိုက်တာလဲ။ မင်း ကားမောင်းတာ သိပ်မြန်တယ်။ သေမတက်ဘဲ။ ငါတို့ ဘုရားတလိုက်ရတယ်။ နောက်တစ်ခါ အရှိန်လျော့မောင်း ကြားလား။

ကလေးက ပေးသော အတွေ့ကြုံ
စာသင်နှစ် ကုန်ဆုံးလို့ သူငယ်တန်း ကလေးတွေက သူတို့ ဆရာမကို လက်ဆောင်တွေ ပေးကြပါတယ်။ ပန်းသည် ရဲ့သားက လက်ဆောင်အထုပ်လေးကို ပေးလိုက်ပါတယ်။ ဆရာမက ဦးခေါင်းပေါ် တင်လိုက်ပြီး သေချာပါတယ် အထုပ်ထဲက ဟာ ပန်းဖြစ်ရမယ်။ ကလေးက မှန်တယ် ဆရာမ။ ဘယ်လိုလုပ်သိတာလဲဟင်။

နောက်ကလေးတစ်ယောက်က လက်ဆောင်လေးပေးလိုက်ပါတယ်။ သူမက အချိုဆိုင် ပိုင်ရှင် သမီး။ ဆရာမက အထုပ်လေးကို ခေါင်းပေါ်တင်ပြီး လှုပ်ကြည့်လိုက်တယ်။ ဆရာမ မှန်းမယ် ဒိန်ချို မုန့်ဖြစ်ရမယ်။ ဟုတ်တယ် ဆရာမ။ ဘယ်လိုသိတာလဲ ဆရာမ။ ဥာဏ်ကြီးမှုပေါ့ကွယ်။

နောက်တစ်ယောက်က အရက်ဆိုင် ပိုင်ရှင်သား ပေးတဲ့ အထုပ်လေးကို ခေါင်းပေါ်တင်လိုက်တယ်။ အထုပ်က အရည်တွေ ယိုစိမ့်နေပါလား။ ကျလာတဲ့ အရည်စက်လေးကို လက်ဝါးနဲ့ ခံလိုက်ပြီး မြည်းကြည့် လိုက်တယ်။ ၀ိုင် မဟုတ်လား။ မဟုတ်ဘူး ဆရာမ။ သိချင်စိတ်ပြင်းပြတာနဲ့ နောက်ထပ်ကျလာတဲ့ အရည် လေး ငါးစက်ကို လက်နဲ့ခံပြီး မြည်းကြည့်လိုက်တယ် ဆရာမ သိပြီ။ ချန်ပိန်  ဟုတ်တယ် မဟုတ်လား။ မဟုတ်ဘူး ဆရာမ။ ဆရာမ အရှုံးပေးပါပြီ ဒါဆို ဘာလဲ။ ခွေးကလေးပါ ဆရာမ။

No comments:

Post a Comment