တုံဂိုဏ်း ရုံဂိုဏ်း အဆုံးအဖြတ် (၂)

on Saturday, October 6, 2012


သက္ကရာဇ် (၁၁၁၃) ခုနှစ် မင်းအဖြစ်သို့ေ၇ာက်သော စဥ့်ကူးမင်း လက်ထက် ရုံသင့် တင်သင့် ကလဟ ၀ိဝါဒ စကားဆိုကြသည် ကို ကြားတော်မူသဖြင့်၊ စလင်းမြို့ သီတင်းသုံးနေတော်မူသော သာသနသုဒ္ဓိဒီပက ကျမ်းပြုဆရာတော် အရှင်နန္ဒမာလာ ကို ရွှေမြို့တော်သို့ ပင့်၍၊ မင်းကြီးသည် အသောကမင်း အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ထံ အယူဝါဒ မှန် မမှန် သင်ကြား နည်းယူသကဲ့သို့၊ ဘုရင်ကိုယ်တော်တိုင် ပါဠိ အဋ္ဌကထာ ဋီကာ တို၏ သဘောယုတ္တိ နှိုင်းညှိ ဆင်ခြင်ခြင်းကို သင်ယူတော်မူပြီးနောက်၊ သုဓမ္မာ သဘင်ကြီးဝယ် လက်ျာဘက်က ဒုကုဋ်တင် ရင်စည်း တုံဂိုဏ်း အကြီးမူးဖြစ်သော တောင်ဘီလူး ဆရာတော် ရှင်နန္ဒမေဓာ အစရှိသော မထေရ်တို့ကို နေစေ၍၊ ထေရ၀ါဒ ရုံဂိုဏ်း အကြီးမှုးဖြစ်သော မင်းအို အရှင်ဂုဏလင်္ကာရ အစရှိသော မထေရ်တို့ကို လက်ဝဲဘက်ကနေစေ၍၊ ပါဠိ အဋ္ဌကထာ ဋီကာ လာရှိတိုင်း ပြဆိုကြစေရာ၊ နောက်ဆုံး၌ တုံဂိုဏ်း ဆရာတော်တို့က မိမိတို့၏ အယူဝါဒ အလေ့အကျင့်သည် ပါဠိ အဋ္ဌကထာ ဋီကာ တို့၌ လာသည် မဟုတ်ပါ၊ စူဠဂဏ္ဍိကျမ်းကို စွဲ၍ ဆရာအစဉ်အဆက်တို့၏ အလေ့အကျက်မျှသာ ဖြစ်ပါတော့သည် ဟု ၀န်ချရလေသဖြင့်၊ သက္ကရာဇ် ၁၁၄၂ ခုနှစ် ဂါမပဝေသန အရာ၌ ရဟန်း သာမဏေ မကွဲမပြား တချက်တည်းပင် နှစ်ဘက် သင်္ကန်းရုံ ဆုံးမပြသတော်မူရမည် ဟု ဘုရင်မင်းမြတ်က အမိန့်တော် ပြန်တမ်း ထုတ်တော်မူသည်။ ၎င်း စဥ့်ကူးမင်း နတ်ရွာစံတော်မူပြီးနောက် ကာလ၌ ရင်စည်းဒုကုဋ်တင် တုံဂိုဏ်း ၀င် ဆရာတို့သည် ရှေး ဂါမ၀ါသီ ဦးထုပ်ဆောင်းဂိုဏ်းဝင် အဆက်အနွယ် တို့နှင့် ပူးပေါင်း စည်းလုံးကြပြီးလျှင် မိမိဝါဒ မပျက် ကျင့်မြဲ ၀တ်မြဲ ၀တ်ကြပြန်လေသည်။

သက္ကရာဇ် (၁၁၁၃) ခုနှစ် မင်းအဖြစ်သို့ေ၇ာက်သော အမရပူရမြို့တည် ဘိုးတော် ဗဒုံမင်းတရားကြီးသည် သာသနာတော်၏ အညစ်အကြေး မစင်ကြယ်သေးသည်ကို မြင်တော်မူသဖြင့်၊ ပညာရှိ သုခမိန် တွင်းသင်းဝန် ဦးညို ကိုအမှုးထား၍ မင်း မှုးမတ်များကို အတင်ဂိုဏ်း အရုံဂိုဏ်းဝင် ဆရာတော်တို့၏ ကျောင်းစေ့အောင် သွား၍ လျောက်ထား မေးမြန်း စစ်ဆေး ပါဠိသာဓက ကိုဆောင်စေရာ အတင်ဂိုဏ်း ဆရာတော်တို့၏ နောက်ဆုံးထွက်ဆိုချက်မှာ သာမဏေများကို ရွာသွားတွင် ဒုကုဋ်တင် ရင်စည်း စေခြင်းသည် ပါဠိ အဋ္ဌကထာ ကျမ်းဂန်လာ မရှိပေ။ တစ်ဦးကို တစ်ဦး အတုအပ ကျင့်စေမိသည်သာ ဖြစ်ပါသည်၊ နောင် ပါဠိ အဋ္ဌကထာ ကျမ်းဂန်နှင့်အညီ ၀တ်ရုံပါမည် ဟုဝန်ခံကြ၏။ ဤသို့ ထွက်ဆိုသည့်အတိုင်း မှတ်သား၍ ဘုရင်မင်းမြတ်ထံ တင်သွင်းလျောက်ထားကြရာ ဆရာတော်တို့သည် တညီတညွတ် ဖြေင့်မတ်စွာ ၀န်ချ ၀န်ခံ ပြုကြသည်မှာ ကိုယ်အမှုကို ကိုယ်ပင် စီရင်သည့် အရာဖြစ်တော့သည်၊ အထူးစီရင်ဖွယ်မရှိပြီ၊ ပရိမဏ္ဍလ၊ သုပ္ပဋိစ္တန္န ဖြစ်အောင် သာမဏေများကို ရွာသွား ရွာဝင် ၀တ်ရုံကြစေ ဟု အမိန့်တော်ရှိသည်အတိုင်း အညီအညွတ် ကျင့်ဆောင်ကြလေသည်။

No comments:

Post a Comment