နှစ်သက်မိသော အဆိုအမိန့်များ

on Saturday, January 5, 2013


၁။ စာအုပ်ကောင်းများကို ဖတ်ရှု့ခြင်းဟာ ကုန်လွန်ခဲ့သော ရာစုနှစ်များမှ အတော်ဆုံးလူများနှင့် စကားပြောဆိုသည်နှင့် တူပေသည်။ (ရေနီ ဒေကား)

၂။ ပြန်လည်တွေးတောခြင်း မပြူဘဲ စာဖတ်နေခြင်းဟာ ချေဖျက်မှု မရှိတဲ့ အစာစားခြင်းနှင့် တူတယ်။ (အီဗန်ဘတ်စ်)

၃။ အချို့သော စာအုပ်များကို မြည်းစမ်းကြည့်သင့်တယ်၊ အချို့ကို ၀ါးမျိုသင့်တယ်၊ အချို့ကို ကြေညက်အောင် လုပ်ထားသင့်တယ်။ (ဖရန်စစ် ဘေကွန်)

၎။ အသက်ရှင်နေထိုင်ခြင်း အတွက် ကျွန်ုပ်၏ ဖခင်အား ကျေးဇူးတင်တယ်၊ သို့သော် ကောင်းစွာ နေထိုင်ရန်အတွက် ကျွန်ုပ်၏ ဆရာသခင်အား ကျေးဇူးတင်တယ်။ (အလက်ဇန္ဒား)

၅။ လုံးလ ၀ီရိယ ရှိခြင်းက ကံကောင်းခြင်းရဲ့ မိခင်ဖြစ်တယ်။ (ဆာဗန်တီ)

၆။ စတင်လုပ်ဆောင်ခြင်းဟာ တစ်ဝက်လုပ်ဆောင် ပြီးသူဖြစ်တယ်။ (ကွန်တီ)

၇။ စာဖတ်ခြင်းက ပြည့်ဝသောသူ တစ်ယောက် ဖြစ်စေတယ်၊ ဆွေးနွေး ညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက် ဖြစ်စေတယ်၊ မှတ်သားခြင်းက တိကျသော လူတစ်ယောက် ဖြစ်စေတယ်။ (ဖရန်စစ် ဘေကွန်)

၈။ မိမိကိုယ်ကို ယုံကြည်ခြင်းဆိုတာ အောင်မြင်မှုအတွက် ပထမဦးဆုံးသော သော့ချက်ပဲ။ (နိကတာ ခရုရှက်။ ရုရှုား သမ္မတ)

၉။ ဘာသာရေး မပါတဲ့ သိပ္ပံပညာသည် ခြေကျိုးနေ၍၊ သိပ္ပံပညာ မပါသော ဘာသာရေးဟာ မျက်စိကန်းနေတယ်။ (အိုင်းစတိုင်း)

၁၀။ လူတစ်ယောက်ရဲ့ သမိုင်းကြောင်းဟာ သူရဲ့စာရိတ္တပဲဖြစ်တယ်။ ( ဂိုသဲ)

၁၁။ စာဖတ်ခြင်း အတက်မှာ လေ့လာဆည်းပူးခြင်း အတက်ကဲ့သို့ ပင်ဖြစ်တယ်၊ လိုအပ်သည်များကို မှတ်သားရန်နှင့် မလိုအပ်သည်များကို မေ့ပစ်ရန် ဖြစ်တယ်။ (ဟစ်တလာ)

No comments:

Post a Comment