ဘုရားကြီးတိုက် ဆရာတော်များ

on Saturday, August 18, 2012

အရှင်ဝိမလဗုဒ္ဓိ ဆရာတော်
 ဘုရားကြီးတိုက် ကိုအုပ်ချူပ်ခဲ့သော ဆရာတော် များအနက် တစ်ပါး အပါအ၀င်ဖြစ်တော်မူသော ဆရာတော် ဘဒ္ဒန္တ ၀ိမလဗုဒ္ဓိကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ကန်နီရွာနေ၊ အဘ ဦးဟန်  အမိ ဒေါ်ရှင်း တို့မှ သက္ကရာဇ် ၁၂၂၀ ပြည့်နှစ်တွင် ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်ချစ်မှန် ဖြစ်ပါသည်။ ဘုရားကြီးတိုက် အာရာမာဓိပတိ သံဃနာယက အဖြစ် ၁၈နှစ်တိုင်အောင် တိုက်တာအကျိုး နှင့်ပရိယတ်အကျိုးတို့ကိုထန်းဆောင်ခဲ့ပါသည်။ သက္ကရာဇ် ၁၃၀၅ ခုနှစ်တွင် လူအိုရောဂါဖြင့် သက်တော် ၈၅၊ ၀ါတော် ၄၇ တွင် ဘုရားကြီးတိုက်မှာ ဘ၀နတ်ထံ ပျန်လွန်တော်မူပါသည်။

ဆရာတော်  ဘဒ္ဒန္တ ဥက္ကံသမာလာ
ဘုရားကြီးတိုက် ကိုနှစ်အနည်းဆုံး အုပ်ချူပ်ခဲ့သော ဆရာတော်  ဘဒ္ဒန္တ ဥက္ကံသမာလာကို ရန်ကုန်မြို့၊ ထန်းတပင်ရွာနေ၊ အဘ ဦးမိတ်  အမိ ဒေါ်မိုး တို့မှ သက္ကရာဇ် ၁၂၃၀ ပြည့်နှစ်တွင် ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်ငြိမ်း ဖြစ်ပါသည်။ ဘုရားကြီးတိုက် အာရာမာဓိပတိ သံဃနာယက အဖြစ် တစ်နှစ် ခြောက်လ စာပေကျမ်းဂန် ပို့ချခြင်းဖြင့် တိုက်တာအကျိုး ကိုထန်းဆောင်ခဲ့ပါသည်။ သက္ကရာဇ် ၁၃၀၆ ခုနှစ် တပိုတွဲလဆန်း ၁၁ ရက်နေ့တွင် သက်တော် ၇၆၊ ၀ါတော် ၅၅ ရမှ အာရာမာဓိပတိ သံဃနာယကဖြစ်တော်မူသည်။ အင်္ဂလန်ပြည့်ရှင် ပဉ္စမ ဂျော့ဘုရင်က ဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိ ဘွဲ့တံဆိပ်ရရှိတော်မူသည်။၁၃၀၇ခုနှစ် သက်တော် ၇၇။ ၀ါတော် ၅၆မှာ လူအိုရောဂါဖြင့် ဘုရားကြီးတိုက်မှာ ဘ၀နတ်ထံ ပျန်လွန်တော်မူပါသည်။

ပင်းသာဆရာတော်
ဆရာတော်  ဘဒ္ဒန္တ ခန္တီဓမ္မကို ရန်ကုန်မြို့၊ အဘ ဦးရွှေအောင်  အမိ ဒေါ်မေ တို့မှ သက္ကရာဇ် ၁၂၃၂ ခုနှစ်တွင် ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်ဘိုးခင် ဖြစ်ပါသည်။ ဘုရားကြီးတိုက် အာရာမာဓိပတိ သံဃနာယက အဖြစ် သက္ကရာဇ် ၁၃၀၇ ခုနှစ်တွင်  အာရာမာဓိပတိ သံဃနာယကအဖြစ်တင်မြှောက်ခြင်းခံရတော်မူသည်။ အင်္ဂလန်ပြည့်ရှင် ပဉ္စမ ဂျော့ဘုရင်က ဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိ ဘွဲ့တံဆိပ်ကိုလာည်းရရှိတော်မူသည်။၁၃၀၉ခုနှစ် သီတင်းကျွတ် လပြည့်နေ့၊ သက်တော် ၇၇။ ၀ါတော် ၅၈မှာ လူအိုရောဂါဖြင့် ဘုရားကြီးတိုက်မှာ ဘ၀နတ်ထံ ပျန်လွန်တော်မူပါသည်။
ပင်းသာဆရာတော်၏ အဆက်အနွယ်တပည့်ကား
အရှင်နာဒရ သာသနဇောတိကာရုံဆရာတော်ဖြစ်ပါသည်။ အရှင်နာဒရ ကို မန္တလေးမြို့၊ အဘ ဦးသာအောင်  အမိ ဒေါ်မအို တို့မှ သက္ကရာဇ် ၁၂၅၀ ခုနှစ်တွင် ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်ဘိုးသန့် ဖြစ်ပါသည်။

No comments:

Post a Comment