ပြာသိုလ်လပြည့်နေ့ဟာ မြန်မာတွေရဲ့ အမေများနေ့ ဖြစ်ပါတယ်။ အမေများနေ့ကိုဂုဏ်ပြုသောအားဖြင့်
အရှင်ကေလာသ ရဲ့ ပို့စ်လေးကို တင်ပေးလိုက်ပါတယ်။
တစ်ခါတုန်းက
ရွာကလေးတစ်ရွာအနီးအနားမှာသစ်ပင်လေးတစ်ပင်ရှိပါတယ်... သစ်ပင်ကတော့ ပန်းသီးပင်လေးပေါ့။
တစ်နေ့တော့ အမှတ်မထင် လူကလေးတစ်ယောက် သစ်ပင်နား ရောက်လာတယ်။ အဲဒီသစ်ပင်ကြီးကို မော့ကြည့်ပြီး။
လူကလေးရဲ့ရင်ထဲမှာ စိတ်ကူးတစ်ချက် ၀င်လာပါတယ် " ငါ ဒီသစ်ပင်နားကို နေ့တိုင်းလာပြီး။
ဒီသစ်ပင်ကြီးနဲ့ ဆော့ကစားရရင် ကောင်းမှာဘဲ တော်တော် အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်
နားခိုးချင်စရာကလည်း အတော်ကောင်းတယ် ငါအတွက် စားစရာလည်း အဆင်သင့် နေစရာလည်း အဆင်သင့်
ငါပျင်းရင်လည်း ဒီသစ်ပင်ကြီးနဲ့ ကစားဖော်ကစားဖက်လည်းရတယ် သြော်..ငါအတွက်တော့
ဒီသစ်ပင်ကြီးက လောကချမ်းသားကြီးပါဘဲ" လို့ တွေးတယ်။ ဒီလိုနဲ့ လူကလေးဟာ နေ့တိုင်း
သစ်ပင်ကြီးနား လာပြီး အဲဒီသစ်ပင်ကြီးနှင့် ဆော့ကစားလျှက် ပျော်ရွင်နေရှာတယ်။
ပျော်မှာပေါ့ သူ့အတွက် အပန်းဖြေစရာ ကစားစရာအရုပ်လေးသဖွယ် သစ်ပင်ကြီးပေါ်တက်လိုက်
ခုန်ချလိုက် သစ်သီးခူးစားလိုက် ဟိုကိုင်းခုန်ကူလိုက် သစ်ကိုင်းပေါ် ကယားခွထိုင်လိုက်၊
သစ်ကိုင်းပေါ်ကနေ လျှောချလိုက် စိတ်မထင်ရင်လည်း အကိုင်းတွေကို ဓားနဲ့ခုတ်လိုက်
နေပူလာရင် အရိပ်ဝင်ခိုလိုက် အဲဒီလိုနေတဲ့ အခိုက်အတန့်မှာ တစ်ခါတစ်လေ ခွေးတွေ လာကိုက်မယ်လုပ်ရင်
အဲဒီသစ်ပင်ကြီးက သစ်ကိုင်းကိုချိုးပြီး လာကိုက်တဲ့ ခွေးတွေကို ရိုက်ထုတ်လိုက်
မောပန်းသွားရင် အဲဒီသစ်ပင်ကြီးရဲ့ခြေရင်းမှာ တစ်ရေးတစ်မောအိပ်လိုက်နဲ့ သစ်ပင်ကြီးကတော့
ဘာမှမပြောရှာပါဘူး။ သူအတွက် ဘာအပူအပင်မှ မရှိနေလာလိုက်တာ အချိန်တွေ
ကြာညောင်း လာတော့လည်း လူကလေးမှာ အသက်အရွယ်ကြီးရင့်လာတော့ နုတ်မဆက်ဘဲ ရုတ်တရက်
အဲဒီသစ်ပင်ကြီးနားမှ ထွက်ခွာခဲ့တော့တယ်။
ဒီလိုနဲ့
နှစ်တွေ လတွေ ကုန်သွားလိုက်တာ ဘယ်လောက် ရှိမှန်းတောင်မသိတော့ဘူးတဲ့
ဘာဖြစ်လည်းဆိုတော့ သစ်ပင်ကြီး တစ်ယောက်တည်းအထီးကျန်ဖြစ်နေတာကိုး သစ်ပင်ကြီးကတော့
အမြဲတမ်း သတိရနေရှာတယ်။ လူကလေးကတော့ ဘယ်ရောက် ဘယ်ပေါက်နေမှန်းမသိဘူး။ ဒီလိုနဲ့ မထင်မှတ်ဘဲ
လူကလေး အဲဒီသစ်ပင်ကြီးနား ပြန်ရောက်လာတော့ သစ်ပင်ကြီးက ဆီကြိုနုတ်ဆက်ရှာပါတဲ့ "သားလေး
လာလေ ငါနဲ့ လာပြီး ကစားအုန်းလေ လူလေးမရှိတော့ ငါ့တစ်ယောက်တည်း ပျင်းနေတာ အတော်ပဲ
မင်းအတွက် သစ်သီးတွေလည်း အများကြီးပဲ လာစားပါ" လို ပြောရှာသတဲ့ အဲဒီအခါမှာ
လူကလေး ပြန်ပြောပါတယ် " တော်ပြီးဗျာ ကျွန်တော်မှာ ကစားဖို့ အချိန်မရှိတော့ဘူး"
တဲ့ အခုလာတာ ကစားဖို့လာတာ မဟုတ်ဘူး ကျွန်တော်မှာ နေစရာမရှိ စားစရာမရှိလို့
လာတောင်းတာ ဖြစ်နိုင်ရင် ကျွန်တော် သစ်ပင်ကြီးကို အရင်းကနေ ဖြတ်ပြီး
ယူသွားချင်တာ...ဗျ။ ဘာဖြစ်လိုလည်း ဆိုတော့ ကျွန်တော်မှာ သားတွေ မယားတွေရှိတယ် ဒါကြောင့်
ကျွန်တော်လိုချင်တာပါ။ အော် ဒါလား လူလေး အလိုရှိရင်ယူသွားပါ ပေးမှာပေါ့
လူလေးရဲ့....ယူသွား....ယူသွား.....လူကလေးသည် သစ်ပင်ကြီးကို အရင်းကနေ ဖြတ်ပြီး ယူသွားရှာလေရဲ့။
လူကလေး ယူသွားပြီးနောက် တစ်ခေါက်မှ ပေါ်မလာဘူး။ နှစ်တွေ အတော်ကြာတဲ့အထိပေါ့၊ လေးငါးဆယ်နှစ်ကြာပြီးတဲ့
လူကလေး ရောက်လာပြန်ပြီ နောက်တစ်ခေါက်။ ဒီတစ်ခါလည်း သစ်ပင်ကြီးက ဆီးပြောတယ်။ လူလေး
ရောက်လာပြီလား ဘာလိုချင်လို့လည်း ငါမှာပေးစရာ ဘာမှမရှိတော့ဘူးကွယ် လူလေးရယ်။ အေး=ဒါပေမဲ့
လူလေးပင်ပန်းတယ်ဆိုရင်တော့ လာ....လာ...အငုတ်တိုလေးမှာ ခဏ တစ်ရေးတစ်မော အိပ်လိုက်ပါအုန်း...ငါမှာလည်း
ပေးစရာဆိုလို့ ဒီအငုတ်ကလေးဘဲ ရှိတော့တယ်ကွယ်။ လူလေးရယ် အိပ် အိပ် လူလေး အရမ်းပင်ပန်းလာတယ်
အိပ်လိုက်ကွယ် လူလေးရယ်။
No comments:
Post a Comment