အရှင်ဝိမလဗုဒ္ဓိ ဆရာတော်လက်ထက်သို့ ရောက်သောအခါ
အောက်မြို့ ကျေးရွာတင် နိုင်ငံရေး ပြောဟောမှုအတွက် အရှင်ဥတ္တမ၊ အရှင်ဝိစာရ တို့ကို ထောင်ကျရာ
ထောင်အတွင်း ဥပုသ်ပြု လိုခြင်း သိမ်သမုတ်ပေးစေလိုခြင်း အကြောင်းကို ဆိုင်ရာ အစိုးရသို့
တောင်းဆိုရာ ပြည်ထဲရေးဝန်ကြီး ဆာဂျေအေ မောင်ကြီးက ဥပုသ်ပြုခွင့် ပေးသင့် မပေးသင့်၊
သိမ်သမုတ်သင့် မသင့်၊ စသည်နှင့် စပ်လျဉ်း၍ ပုစ္ဆာ ၉-ချက် ထုတ်ပြီးလျင် နိုင်ငံတော်အတွင်း
ပညာရှင် ရဟန်းတော်များ ဖြေဆိုကြရန် ကြေငြာလေသည်။
သုဓမ္မာအဖွဲ့နှင် တောင်ခွင် သာသနာပိုင်တို့က
“ရာဇအန္တာရယ်သင့်ရာ ဥပုသ်မပြုရသော်၎င်း၊
သိမ်မရှိသော်၎င်း အပြစ်မရှိ” ဟုဖြေဆိုကြသည်၊ အချို့သော အချို့သော ဆရာတော်တို့ကလည်း
မိမိတို့သဘော ပိုင်နိုင်သမျှ ဖြေဆိုကြရာ အပြည့်စုံလည်းမဟုတ်၊ မခိုင်လုံသည်က များချေသည်။
သို့အတွက်ကြောင့် ဘုရားကြီးဂိုဏ်း ဆရာတော်များက
ရှေးအစဉ်လာ ပဝေသဏီထုံးတမ်းနှင်တကွ ပါဠိ အဋ္ဌကထာ ဋီကာ အကိုးအကား သာဓကများပြ ဖြေဆိုပြီးလျှင်၊
ဘုရားကြီးဂိုဏ်း ဆရာတော်တို့၏ အဖြေလွှာကို ပုံနှိပ်ရိုက်၍ နိုင်ငံတော် အစိုးထံသို့၎င်း၊
ဥပဒေပြုအဖွဲ့သို့၎င်း ပေးပို့ကြလေသည်၊ အစည်းဝေးတွင် အစိုးရဘက်နှင့် အတိုက်အခံ ချေပ
ပြောဆိုသူကား မန္တလေး အမတ် ဦးဘဦး ပင်တည်း၊ နောက်များ မကြာမှီ ထောင်အတွင်း သိမ်သမုတ်
ပေးစေခြင်း၊ ဥပုသ်ပြုခွင့် ရခြင်းစသော အကျိုးတရား ခံစားကြရလေသည်။
နောက်တစ်ဖန် ဆာဂျေအေ မောင်ကြီး လက်ထက်မှာပင်
သာသနရက္ခိတအသင်း နှင့် တောင်ခွင် သာသနာပိုင်တို့ ပူးပေါင်း၍ ၀ိနယဓရ ဥပဒေကြမ်းကို ထုတ်ပြန်ကြေငြာလေရာ
၎င်းဥပဒေ၏ အတိုချုပ် “အဓိပ္ပါတယ်မှာ
ရဟန်းတို့၏ ဂရုဘဏ် လဟုဘဏ် စသည်တို့နှင့် ပတ်သက်၍ တရားတဘောင် ဖြစ်ခဲ့လျှင် ၀ိနည်းဓိုတင်၍
ဆုံးဖြတ်ရမည်၊ မကျေနပ်လျှင် လူရုံးမှာ အဆုံးအဖြတ် ခံပြီး အဆုံးသတ်ရမည်” ဟု ပါရှိသည့်အတွက် ၀ိနည်းအရာ မလိမ္မာသော
လူဒါယကာထံ ပြီးစေရမည်ဟူသော ဥပဒေကို တစ်နိုင်ငံလုံးရှိ ရဟန်းသံဃာတော်များက မနှစ်သက်နိင်ကြသဖြင့်
ဘုရားကြီးဂိုဏ်း ဆရာတော်တို့က ခေါင်းဆောင်၍ နိုင်ငံတော်အစိုးနှင့် ဥပဒေပြုအဖွဲ့ တိုင်အောင်
ကန့်ကွက်ကြရာ ၎င်းဥပဒေပျက်ရပြန်ချေသည်။
No comments:
Post a Comment