စာရေးများ ရဲ့ နိုင်ငံ

on Sunday, June 23, 2013


ကျား နှစ်ကောင် ဒေလီ တိရစ္ဆာန်ရုံကနေ ပျောက်သွားတာ ဘယ်လိုမှ ရှာလို့ မရဘူး။ ခြောက်လလောက်ကြာတဲ့အခါ ရုတ်တရက် ကျားနှစ်ကောင် ပြန်ရောက်လာတယ်။ တစ်ကောင် ပိန်ချူန်း နေပြီး တစ်ကောင်က ဆူဖြိုး ၀နေတယ်။

တစ်ကောင်ကပြောတယ် ငါတော်တော် ကံဆိုးတယ်ကွ။ ငါ ရာဂျစ်စတန် ကိုရောက်သွားတာ အဲဒီမှာ ငတ်မွတ်ခေါင်းပါးနေတယ်။ နွားတွေ ကျွဲတွေကလဲ သေနေတယ်။ ငါ ဖမ်းစားတဲ့ လူတွေကလဲ အသား မပါသလောက်ပဲကွ။ ဒီမှာက ကျေနပ်စရာကောင်းတဲ့ အစားသောက် ရနိုင်တယ် လို့ ဆုံးဖြတ်ပြီ ပြန်လာခဲ့တာ။ မင်းကရော ပြောပါအုန်း။

ငါကတော့ မင်းနဲ့ ဆန့်ကျင်ဘက်ပဲကွ။ ငါက ကံကောင်းတယ်ပြော၇မယ်။ အစိုးရ ရုံးရောက်သွားတယ်။ လှေကားအောက်မှာ ပုန်းနေခဲ့ပြီ ညနေတိုင်း ရုံးက ထွက်လာတဲ့ စာရေးတွေကို ငါဖမ်းပြီး စားခဲ့တာ ခြောက်လ ကြာတာတောင် ဘယ်သူမှ သတိမထားမိဘူး။ မနေ့ကတော့ ငါ အမှားလုပ်မိတယ်ကွ မနက်ခင်းတိုင်း သူတို့ကို လဘက်ရည် ဖျော်ပေးတဲ့သူကို ငါ ဖမ်းစားမိတယ်ကွ။ သူတို့က အဲဒီ လဘက်ရည်ဖျော် သမားကို လိုက်ရှာတာ လှေကားအောက်မှာ ပုန်းနေတဲ့ ငါကိုတွေ့သွားပြီး သူတို့က ငါကို မောင်းထုတ်လိုက်တယ်။ ဒါနဲ့ တိရစ္ဆာန်ရုံက လုံခြုံတယ် လို့ တွေးမိပြီး ပြန်လာခဲ့တာပဲ။
(Khushwant Singh)

No comments:

Post a Comment